အရှေ့ပိုးကရင်ဘာသာစကား၏ စကားသံဖွဲ့ပုံ

အရှင်ပညာသာမိ၏ “မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ၊ စာမျက်နှာ ၉၈-၁၀၀၊ အခန်း (၄) အရှေ့ပိုးကရင်လူမျိုးတို့၏ စာပေအက္ခရာများ၊ ၄(က)။ ပိုးကရင်စာပေသမိုင်း” မှပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။ ကရင်ဘာသာစကား၌ အသံအနိမ့်၊ အလတ်၊ အမြင့်ဟူ၍ ရှိသည်။ စာရေးရာ၌ အသံအလေးညွှန်းရန် ပျူ၊ မြန်မာ၊ မွန်များကဲ့သို့ပင် အစက်ဗိန္ဒုလုံးကလေးများကို အသုံးပြုကြသည်။ ရှိုပိုးကရင်တို့၏ စကားတွင် အသံအနိမ့်အမြင့်ကိုလိုက်၍ စကားလုံး အဓိပ္ပာယ် ပြောင်းလဲသွားတတ်သည်။ ပုံစံအားဖြင့် ‘အ’ သရ၏ အုပ်စုကို ပြောင်းလဲတတ်သော အသံအနိမ့်အမြင့်ကို စိစစ်လျှင် အာ၊ အာ့၊ အာႋ၊ အး ဟူ၍ အသံပြောင်းလေးမျိုးကို တွေ့နိုင်သည်။ အာမှာ မြန်မာအသံထွက် အာနှင့်တူသည်။ အာ့မှာ မြန်မာအသံထွက် အာ့နှင့် တူသည်။ အာႋမှာ ထူးခြားသည်။ … Continue reading အရှေ့ပိုးကရင်ဘာသာစကား၏ စကားသံဖွဲ့ပုံ